Request

Myanmar Free Islamic Books. This is a free Ebook Blog. And I let everyone know that you all can copy & use any post of this blog anytime. Please feel free to share and promote all the books.

Sunday, 26 September 2021

Google Drive Download Link နှင့်ပတ်သတ်၍ အသိပေးချက်

ဤဘလော့ဂ်ကို လာရောက်လေ့လာသူများအား အသိပေးချက်

 

ဤဘလော့ဂ်ရှိ ဂူးဂဲလ်ဒရိုက်လင့်တွေရဲ့  Google Drive ကို ဂူးဂဲလ်က Security Upgrade လုပ်ပေးလိုက်တာကြောင့် Post Link နဲ့ Download Link အဟောင်းတွေကို သုံးရင် တိုက်ရိုက် မရတော့ပဲ အီးမေးလ် ပို့ပြီး Download လုပ်ခွင့် တောင်းနေရပါတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီလို အီးမေးလ် ပို့ပြီး Download လုပ်ခွင့် တောင်းဖို့ မလိုအောင် ပို့စ် Post အားလုံးမှာရှိတဲ့ Google Drive  Download Link တွေကို တဖြည်းဖြည်း Update (ပြင်ပေး) လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။

Google Drive  Download Link အဟောင်းမှာ resourcekey တွေထပ်ထည့်ပေးမှာပါ။

ဥပမာ။ ။ အောက်က  Google Drive  Download Link အဟောင်းဟာ

https://drive.google.com/file/d/0B3RmkygwGR8Mc2xxb3RwMzMxcnc/view?usp=sharing

resourcekey ထပ်ထည့်လိုက်ရင် ဒီလိုမျိုးဖြစ်လာမှာပါ။ resourcekey ဟာ Linkတစ်ခုနဲ့တစ်ခု မတူပါ။

https://drive.google.com/file/d/0B3RmkygwGR8Mc2xxb3RwMzMxcnc/view?usp=sharing&resourcekey=0-XukRa6jmRE08DIyH1rcbUg


လာရောက်လေ့လာသူများအားလုံးကို ကျေးဇူးတင် လေးစားလျှက်...

Blogger SearchKnowledge

Sunday, 5 September 2021

စူရဟ် ယာစီန် Surah Yaseen အင်္ဂလိပ် ဝါစင်္က + မြန်မာ အသံထွက် + အဓိပ္ပာယ် ဘာသာပြန်

စူရဟ် ယာဆီန်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ
အင်္ဂလိပ် ဝါစင်္က+ မြန်မာ အသံထွက် + အဓိပ္ပာယ် ဘာသာပြန်

စူရဟ် ယာဆီန် ဖတ်ရွတ်ရင်း စူရဟ်ရဲ့ အဓိပ္ပာယ်ကိုပါ အလွယ်တကူ ကြည့်လို့ရအောင်၊ အရင်က ပြုလုပ်ထားတဲ့ စူရဟ် ယာဆီန်ရဲ့  အာယတ်တော်များက စကားစု တစ်စုချင်းရဲ့ အဓိပ္ပာယ်ကို ရေးပြပေးထားတဲ့ စူရဟ် ယာဆီန်ကို၊ ထပ်ပြီး စူရဟ် ယာဆီန်ကို သဒ္ဒါနည်းကျ ခွဲစိတ်ပြထားတဲ့ The Quranic Arabic Corpus က Parts-of-Speech (ဝါစင်္က) တွေကို ယူပြီး ထပ်ထည့်  ပြုလုပ်ထားပါတယ်။

The Quranic Arabic Corpus  ရဲ့ မူရင်း WebSite Link က https://corpus.quran.com/  ဖြစ်ပါတယ်။
WebSite မှာတော့ ခုလို ကြေငြာထားပါတယ်။
The Quranic Arabic Corpus, an annotated linguistic resource which shows the Arabic grammar, syntax and morphology for each word in the Holy Quran. The corpus provides three levels of analysis: morphological annotation, a syntactic treebank and a semantic ontology.

အရဗီသဒ္ဒါကို ဆည်းပူးနေတဲ့ သူများ၊ မြန်မာဘာသာစကားကို သဒ္ဒါနည်းကျ ဆည်းပူးခဲ့တဲ့ သူများ၊ တစ်ခြား ဘာသာစကားတစ်ခု ကို သဒ္ဒါနည်းကျ ဆည်းပူးခဲ့တဲ့ သူများကို အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့် ပါတယ်။
ဤ စူရဟ် ယာဆီန်ကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ချီနိုင်ပါတယ်။

စူရဟ် ယာဆီန်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဝါစင်္က မြန်မာ အသံထွက် + အဓိပ္ပာယ် ဘာသာပြန် 

ထည့်သွင်းယူထားသည့် ဘာသာပြန်။ ။ ဆရာကြီး ဃာဇီဟာရှင်နှင့် အဖွဲ့ထုတ်ဝေခဲ့တဲ့ မြန်မာ ဘာသာပြန်ကို မှီငြမ်းထားပါတယ်။

Book Size: 14.3" x 19.3" (A4)
File Size: 0.6 MB
Pages: 11
Download Link:
https://drive.google.com/file/d/1QDvaH1JN6fPvgBWWr0pRpEnXk5i3KAoV/view?usp=sharing




Monday, 9 August 2021

စားပိုင်-မစားပိုင် သတ္တ၀ါများ

စားပိုင်-မစားပိုင် သတ္တ၀ါများ

အော်ဒီယို စာအုပ် (စာအုပ် ဖတ်ပြသည့် အသံဖိုင်)
ကျမ်းငယ်နံပတ်(၁၃)

အကြောင်းမျိုးစုံနဲ့ မအားလပ်လို့ သာသနာ့စာပေတွေ လေ့လာဖို့ အခွင့်မရနိုင်တဲ့ သူတွေအတွက် သွားရင်းလာရင်း Audio-Vusial Aid နဲ့ ‌လေ့လာဆည်းပူးလို့ရအောင် စာအုပ် ဖတ်ပြသည့် အသံဖိုင်ကို mp4 Video လုပ်ထားပါတယ်။ ကိုယ်တိုင်နားထောင်လို့ပဲဖြစ်ဖြစ်၊ သူများကို ရှယ်ပေးလို့ပဲဖြစ်ဖြစ်၊ တမန်တော်မြတ်ရဲ့ အမွေတွေကို ဖြန့်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

အလ်ဟာဂျ် မောင်လာနာ မုဟမ္မဒ်မူစာ (မဇွာဟေရီ) - ၏
အစ္စလာမ့်အခြေပြ-၃ မှ ကျမ်းငယ်နံပတ်(၁၃)။

ကျမ်းငယ်နံပတ်(၁၃) စားပိုင်-မစားပိုင် သတ္တ၀ါများ
၌ပါဝင်သော ခေါင်းစဥ်များ

နံပါတ် အကြောင်းအရာ စာမျက်နှာ
၁။ စားပိုင်-မစားပိုင်သော အချက်များ ၂၆၉
၂။ မိုင်တဟ်-အသေကောင် ၂၇၀
၃။ ဒမ်-သွေး၊ လဟ်မေ့ခင်ဇီးရ် = ဝက်သား ၂၇၂
၄။ မာအို့ဟစ်လ၊ ဗေ့ဟီ၊ လေ့ဂိုင်ရစ်လ္လာဟ် ၂၇၃
၅။ ပိုးမွှားနှင့် ပျံသန်းသော အကောင်များ ၂၇၄
၆။ မြေတွင်း၌နေသော သတ္တဝါများ၊ ရေနေ သတ္တဝါများ၊ သတ္တ၀ါကြီးများ၊ ငှက်သတ္တဝါများ၊ ကျီးကန်းများ၊ ထီးမ မခွဲခြားနိုင်သော သတ္တဝါများ ၂၇၅
၇။ သဗဟ် လည်လှီးနည်း ၂၇၆
၈။ သဗဟ် ပြုသူအတွက် စည်းကမ်းများ၊ မတ်က်ရူးဟ်များ ၂၇၇
၉။ ဟရာမ်ဖြစ်သော အဆစ်အပိုင်းများ ၂၇၈
၁၀။ ခွင့်ပြုသည်ကို စား၍ တားမြစ်သည်ကို ရှောင်ရမည် - ၂၇၉
၁၁။ သားရဲတိရစ္ဆာန်နှင့် ခြေဖြင့်သုတ်သော ငှက်များ ၂၇၉
၁၂။ မြည်းနှင့်လားကို မစားပိုင်၊ မြင်းကို စားနိုင်သည် ၂၈ဝ
၁၃။ ကြောင်ကို မစားပိုင်၊ မရောင်းပိုင် - ၂၈၁
၁၄။ မသန့်စားသော တိရစ္ဆာန်၏ အသားနှင့် နို့ကို ရှောင်ရမည် ၂၈၁
၁၅။ တိရစ္ဆာန် အရှင်၏ အသားကို လှီးယူ၍ မစားပိုင် ၂၈၂
၁၆။ အကြောမပြတ်က မပိုင်၊ ဖွတ် ၂၈၂
၁၇။ ထောပတ်၌ ကြွက်ကျသေခြင်း၊ တောမြည်း ၂၈၄
၁၈။ ယုန်၊ ကြက်၊ ဟိုဗာရာငှက်၊ အသေကောင် နှစ်မျိုးနှင့် သွေးနှစ်မျိုး ၂၈၅
၁၉။ တစ်ဒီ(ခ)နှံကောင်၊ ငါးကြီးအံ့ဘ ၂၈၆
၂၀။ စားပိုင် "ဟလာလ်" ဖြစ်သော ငှက်နှင့် သတ္တဝါများ ၂၈၇
၂၁။ မစားပိုင် "ဟရာမ်"ဖြစ်သော ငှက်နှင့် သတ္တဝါများ ၂၈၈

youtube Video ဖိုင်လင့်။
https://www.youtube.com/watch?v=z-N0wJHvNX0


Saturday, 26 June 2021

Word for Word Al-Quran English Quranic Arabic Corpus with Parts-of-Speech

 ကုရ်အာန်ကျမ်းမြတ်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဘာသာပြန် (တစ်အုပ်လုံး)

 

ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ရင်း ကျမ်းတော်ရဲ့ အဓိပ္ပာယ်ကိုပါ အလွယ်တကူ ကြည့်လို့ရအောင်၊ အရင်က ပြုလုပ်ထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့  အာယတ်တော်များက စကားစု တစ်စုချင်းရဲ့ အဓိပ္ပာယ်ကို ရေးပြပေးထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို၊ ထပ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို သဒ္ဒါနည်းကျ ခွဲစိတ်ပြထားတဲ့ The Quranic Arabic Corpus က Parts-of-Speech (ဝါစင်္က) တွေကို ယူပြီး ထပ်ထည့်  ပြုလုပ်ထားပါတယ်။

The Quranic Arabic Corpus  ရဲ့ မူရင်း WebSite Link က https://corpus.quran.com/  ဖြစ်ပါတယ်။

WebSite မှာတော့ ခုလို ကြေငြာထားပါတယ်။

The Quranic Arabic Corpus, an annotated linguistic resource which shows the Arabic grammar, syntax and morphology for each word in the Holy Quran. The corpus provides three levels of analysis: morphological annotation, a syntactic treebank and a semantic ontology.

အရဗီသဒ္ဒါကို ဆည်းပူးနေတဲ့ သူများ၊ မြန်မာဘာသာစကားကို သဒ္ဒါနည်းကျ ဆည်းပူးခဲ့တဲ့ သူများ၊ တစ်ခြား ဘာသာစကားတစ်ခု ကို သဒ္ဒါနည်းကျ ဆည်းပူးခဲ့တဲ့ သူများကို အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ PDF File မှာ စူရဟ်တွေ၊ ပါရာတွေကို အလွယ်တကူ ရှာပြီး၊ ဖတ်နိုင်အောင် Bookmark  လည်း ထည့်ပေးထားပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်ကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ချီနိုင်ပါတယ်။

 

ကုရ်အာန်ကျမ်းမြတ်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဘာသာပြန် (တစ်အုပ်လုံး)

ထည့်သွင်းယူထားသည့် ဘာသာပြန်။ Sahih International

Book Size: 14.3" x 19.3" (A4)

File Size: 34.0 MB

Pages: 1012

Download Link:

https://drive.google.com/file/d/1jl5qrTfEgYt6aJwCnH1RVSwQdHs_fuoh/view?usp=sharing

 

ကုရ်အာန်ကျမ်းမြတ်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဘာသာပြန်

(တစ်ပါရာ ချင်းခွဲထားတဲ့ PDF File များ)

အောက်က Link   က တစ်ပါရာ ချင်းခွဲထားတဲ့ PDF File များကို စုထားတဲ့ Folder Link  ဖြစ်ပါတယ်။

လိုချင်တဲ့ ပါရာကို Download လုပ်လို့ရပါတယ်။

(အစောင် ၁ - အစောင် ၃၀) - New Download Links

https://drive.google.com/drive/folders/18scmlFzlVXpxxlhEvvdeziS0AW3VILrb?usp=sharing