Request

Myanmar Free Islamic Books. This is a free Ebook Blog. And I let everyone know that you all can copy & use any post of this blog anytime. Please feel free to share and promote all the books.

Saturday 26 June 2021

Word for Word Al-Quran English Quranic Arabic Corpus with Parts-of-Speech

 ကုရ်အာန်ကျမ်းမြတ်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဘာသာပြန် (တစ်အုပ်လုံး)

 

ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ရင်း ကျမ်းတော်ရဲ့ အဓိပ္ပာယ်ကိုပါ အလွယ်တကူ ကြည့်လို့ရအောင်၊ အရင်က ပြုလုပ်ထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့  အာယတ်တော်များက စကားစု တစ်စုချင်းရဲ့ အဓိပ္ပာယ်ကို ရေးပြပေးထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို၊ ထပ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို သဒ္ဒါနည်းကျ ခွဲစိတ်ပြထားတဲ့ The Quranic Arabic Corpus က Parts-of-Speech (ဝါစင်္က) တွေကို ယူပြီး ထပ်ထည့်  ပြုလုပ်ထားပါတယ်။

The Quranic Arabic Corpus  ရဲ့ မူရင်း WebSite Link က https://corpus.quran.com/  ဖြစ်ပါတယ်။

WebSite မှာတော့ ခုလို ကြေငြာထားပါတယ်။

The Quranic Arabic Corpus, an annotated linguistic resource which shows the Arabic grammar, syntax and morphology for each word in the Holy Quran. The corpus provides three levels of analysis: morphological annotation, a syntactic treebank and a semantic ontology.

အရဗီသဒ္ဒါကို ဆည်းပူးနေတဲ့ သူများ၊ မြန်မာဘာသာစကားကို သဒ္ဒါနည်းကျ ဆည်းပူးခဲ့တဲ့ သူများ၊ တစ်ခြား ဘာသာစကားတစ်ခု ကို သဒ္ဒါနည်းကျ ဆည်းပူးခဲ့တဲ့ သူများကို အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ PDF File မှာ စူရဟ်တွေ၊ ပါရာတွေကို အလွယ်တကူ ရှာပြီး၊ ဖတ်နိုင်အောင် Bookmark  လည်း ထည့်ပေးထားပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်ကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ချီနိုင်ပါတယ်။

 

ကုရ်အာန်ကျမ်းမြတ်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဘာသာပြန် (တစ်အုပ်လုံး)

ထည့်သွင်းယူထားသည့် ဘာသာပြန်။ Sahih International

Book Size: 14.3" x 19.3" (A4)

File Size: 34.0 MB

Pages: 1012

Download Link:

https://drive.google.com/file/d/1jl5qrTfEgYt6aJwCnH1RVSwQdHs_fuoh/view?usp=sharing

 

ကုရ်အာန်ကျမ်းမြတ်၏ စကားစု တစ်စုချင်း အဓိပ္ပာယ်ပြ အင်္ဂလိပ် ဘာသာပြန်

(တစ်ပါရာ ချင်းခွဲထားတဲ့ PDF File များ)

အောက်က Link   က တစ်ပါရာ ချင်းခွဲထားတဲ့ PDF File များကို စုထားတဲ့ Folder Link  ဖြစ်ပါတယ်။

လိုချင်တဲ့ ပါရာကို Download လုပ်လို့ရပါတယ်။

(အစောင် ၁ - အစောင် ၃၀) - New Download Links

https://drive.google.com/drive/folders/18scmlFzlVXpxxlhEvvdeziS0AW3VILrb?usp=sharing

 

 


No comments:

Post a Comment

Please Post Your Comment Here.