Request
Myanmar Free Islamic Books. This is a free Ebook Blog. And I let everyone know that you all can copy & use any post of this blog anytime. Please feel free to share and promote all the books.
Friday 27 September 2019
Al-Quran Myanmar Translation Reading
ကုရ်အာန် မြန်မာဘာသာပြန် ဖတ်ပြတဲ့ ဗွီဒီယိုဖိုင်များ (စ-ဆုံး)
ကုရ်အာန် မြန်မာဘာသာပြန်ကို နားထောင်ချင်ပါသလား
ဖတ်ဖို့ အဆင်မပြေလို့ အခက်အခဲတွေ့နေပါသလား။
အချိန်မရှိလို့ စိတ်ညစ် နေပါသလား။
ဖတ်ဖို့ နေရာ အဆင်မပြေလို့ အခက်အခဲတွေ့နေပါသလား။
ဒီ Youtube Playlist Link လေးကို နှိပ်လိုက်ပါ။
https://www.youtube.com/playlist?list=PLPI39PnnF-ncEFsXIH1kVQ0vRkwXccm9-
ကုရ်အာန် မြန်မာဘာသာပြန်ကို ဖတ်ပြတဲ့ mp3 အသံဖိုင် အတွက် မြန်မာပြည်မှာ ကြိုးပမ်းတဲ့သူ မရှိသေးတာကြောင့်၊ ဒီ ဗွီဒီယို တွေကို၊ ကိုယ်ထူကိုယ်ထ တပိုင်တနိုင် ဖတ်ထားတဲ့ အသံဖိုင်များနှင့် လုပ်ထားပါတယ်။ မူရင်း အသံဖမ်းထားသည့် ဖိုင်များတွင် ပါရှိသည့် လေတိုက်သံ၊ စာကေလးတွန်သံ၊ စက်မောင်းသံ၊ ကားဟွန်းတီးသံ၊ တီးတိုးစကားပြောသံ၊ ချောင်း ဟန့်သံ၊ အမှား ပြန်ကောက်ဖတ်သံ၊ စတဲ့ အသံတွေကို အချိန် အတော်ကြာ တည်းဖြတ်ပြီး လုပ်ထားရတာဖြစ်တဲ့ အတွက် အသံ အရည်အသွေး မကောင်းတာကို နားလည်ပေးစေလိုပါတယ်။
ပင်တိုင်ဖတ်ပြသူ ။ ။ မွတ်စ်လင်တစ်ဦး အမျိုးသား ၁ ဦး။
အကူဖတ်ပြသူ ။ ။ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး။
အသံတည်းဖြတ်သူ။ ။ "Myanmar Free Islamic Books Blogspot" ( myanmarfreeislamicbooks blogspot )
ဗွီဒီယို ပြုလုပ်သူ ။ ။ "SearchKnowledge Youtube Channel"
https://www.youtube.com/user/searchknowlege"
ဖတ်ပြသည့် ကုရ်အာန်ကျမ်းမြတ် မြန်မာပြန် စာအုပ်များ
၁။ အစောင် (၁ - ၁၀) "ဗဟိုရံပုံငွေအဖွဲ့မှ ကြီးမှူးထုတ်ဝေသည့် ကုရ်အာန်ကျမ်းမြတ် မြန်မာပြန် (ပထမတွဲ)။"
၂။ အစောင် (၁၁ - ၃၀) "ဆော်ဒီဘုရင် ဖါ့ဒ်ဘုရင် ပုံနှိပ်တိုက်ထုတ် ကုရ်အာန်ကျမ်းမြတ် မြန်မာပြန် (ပ+ဒု အတွဲ)။"
၃။ ရေးထားသည့် ကျမ်းစာ "ဆော်ဒီဘုရင် ဖါ့ဒ်ဘုရင် ပုံနှိပ်တိုက်ထုတ် ကုရ်အာန်ကျမ်းမြတ် မြန်မာပြန် (ပ+ဒု အတွဲ)။"
 မှတ်ချတ်။ ။ ဗွီဒီယိုမှာ ရေးထားသည့် ကျမ်းစာသားနှင့် ဖတ်ပြသည့်စာအုပ် မတူသည့် စူရဟ်များတွင် အနည်းငယ် မဆိုသလောက် ခြားနားမှု ရှိသည်ကို သည်းခံ နားလည်ပေးစေလိုပါသည်။ ( About 0.01 % of total Ayah may be seen a bit of missing words.)
May Allah swt bless us on this Friday.
xxxxxxxxxxxxxxxxxxxxxxxxx
ZawGyi Version
အသံတည်းဖြတ်သူ။ ။ "Myanmar Free Islamic Books Blogspot" ( "myanmarfreeislamicbooks blogspot com" )
1 comment:
Please Post Your Comment Here.