Request

Myanmar Free Islamic Books. This is a free Ebook Blog. And I let everyone know that you all can copy & use any post of this blog anytime. Please feel free to share and promote all the books.

Saturday 4 April 2020

Philosphy of Islam & Modern Medicine on Epidemic ZG+Uni

အစ္စလာမ်ရှူထောင့်မှ  ကူးစက်ရောဂါရဲ့ ကူးစက်မှု ဆိုတာ ဘာလဲ။
ဆေးပညာရှင်တွေရဲ့ ပြောပြချက်နဲ့ အစ္စလာမ်ရဲ့ အဆုံးအမဟာ လွဲနေလား။

"ကူးစက်ရောဂါကို ဖြစ်စေတဲ့ အလ္လာဟ်အသျှင်မြတ်ရဲ့ တရားမျှတပြီး ပြီးပြည့်စုံတဲ့ အမိန့်တော် ဆိုတာ မြင်နိုင်၊ ရှင်းပြလို့ရနိုင်၊ လူတွေ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။
ဒီလိုပဲ ဆေးပညာရှင်တွေပြောတဲ့ ကိုယ်ခံအား ဆိုတာ မြင်နိုင်၊ ရှင်းပြလို့ရနိုင်၊ လူတွေ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။
ဒါဆိုရင် ကိုယ်ခံအား ဆိုတာ အလ္လာဟ်အသျှင်မြတ်ရဲ့ တရားမျှတပြီး ပြီးပြည့်စုံတဲ့ အမိန့်တော်သာ ဖြစ်တယ် ပြောရင် မရဘူးလား။ အလ္လာဟ်အသျှင်မြတ်က ထိုလူသားရဲ့ ကိုယ်ခံအားကို မြင့်အောင် အမိန့်တော် ချမှတ်လို့သာ ကိုယ်ခံအား မြင့်ပြီး ရောဂါပိုးတွေ့ရ (ပေါ့စစ်တစ်)ဖြစ်လင့်ကစား ကျမ်းမာနေတာဖြစ်တယ်။ ဒီကတစ်ဆင့် ရောဂါပိုးမတွေ့ရ (နတ်ဂတစ်) ဖြစ်တဲ့အထိ ကျမ်းမာလာတယ်။"

အလ္လာဟ်အသျှင်မြတ်ရဲ့ အချစ်ဆုံး တမန်တော် မုဟမ္မဒ် (ဆွ)ဟာ ကူးစက်ရောဂါဖြစ်ရင် ကွာရန်တိုင်း လုပ်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်း အမိန့်ရှိခဲ့တယ်။ အဲ့အချိန်က လူတွေရဲ့ ပညာဟာ စဥ်းစားကြည့်ရင် သိနိုင်ပါတယ်။ တဆက်တည်း တမန်တော်မြတ်ကြီးက ရောဂါဆိုတာ ကူးစက်ခံရလို့ ဖြစ်တာ မဟုတ်ဘူးလို့ လဲမှာခဲ့တယ်။ ရောဂါဆိုတာ လူသားရဲ့ လုပ်ရပ်တွေအပေါ် ချမှတ်လိုက်တဲ့ အလ္လာဟ်အသျှင်မြတ်ရဲ့ တရားမျှတပြီး ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက် အမိန့်တော်တစ်ရပ် ဖြစ်တယ်။ ရောဂါဖြစ်နေတဲ့သူ အနားကို မလိုအပ်ပဲ မသွားဖို့၊ သန့်သန့်ရှင်းရှင်းနေဖို့၊ (လက်ဆေးရတာ အစ္စလာမ်ရဲ့ ဝတ်ပြုမှု ၅ ကြိမ်တိုင်းနဲ့ အစာ မစားခင်နဲ့ စားပြီးလုပ်ဖို့ မိန့်ထားတယ် ထည့်မပြော လိုတော့ပါ။) ရောဂါပိုး ကူးစက်မှု ဖြစ်နေလို့ သေမှာကြောက်လို့ ရောဂါခံစားနေရတဲ့ သွေးသားရင်းချာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေကို ပြစ်ပြီး ကိုယ်လွတ်ရုန်း မထွက်ပြေးဖို့ မိန့်ထားတယ်။ သေခြင်းတရားဟာ ရောဂါကြောင့် မသေပဲ ထွက်ပြေးနေတုန်းပဲ တခြားအကြောင်းကြောင့် (ယာဥ်တိုက်မှု) သေနိုင်တာပဲ။

အလ္လာဟ်အသျှင်မြတ်ဟာ ဒီစကြာဝဠာကြီးကို ဖန်ဆင်းပြီး ဒီအတိုင်း လွှတ်ထားတာ မဟုတ်ဘူး။ ဘုရင်တစ်ယောက်လို၊ တရားသူကြီးတစ်ယောက်လို၊ ပညာရှင်တစ်ယောက်လို၊ အသိပညာနဲ့ အညီ တရားမျှတစွာ အုပ်ချုပ်နေတာ ဖြစ်တယ်။ အလ္လာဟ်အသျှင်မြတ်ရဲ့ အမိန့်တော် ဆိုတာ ယုံကြည်လို့ ရနိုင်ပြီး၊ ပြီးပြည့်စုံအောင် နားလည်ဖို့တော့ လူတိုင်းအတွက်တော့ မလွယ်ကူဘူး။
ကူးစက်ရောဂါကို ဖြစ်စေတဲ့ အလ္လာဟ်အသျှင်မြတ်ရဲ့ တရားမျှတပြီး ပြီးပြည့်စုံတဲ့ အမိန့်တော် ဆိုတာ မြင်နိုင်၊ ရှင်းပြလို့ရနိုင်၊ လူတွေ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။

ဒါဆိုရင် ခေတ်ပေါ် ဆေးပညာရှင်တွေ ပြောနေတဲ့ ကူးစက်ရောဂါရဲ့ ကူးစက်မှုဆိုတာ ဘာလဲ။ ဘယ်လို နားလည်ရမှာလဲ။

ရောဂါပိုးတွေကို ကြည့်နိုင်၊ စမ်းနိုင်တဲ့ ပညာတွေ ရှိတဲ့ ဒီဘက်ခေတ်မှာ ဆေးပညာရှင်တွေက ပြောတယ်။
လူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ် ထဲမှာ ရောဂါပိုးတွေ့ရ (ပေါ့စစ်တစ်)ဖြစ်ပြီး၊ ပကတိ လူကောင်းတစ်ယောက်လို ကျမ်းမာနေရင်၊ သူရဲ့ ကိုယ်ခံအား ကောင်းလို့ လို့ပြောတယ်။
နောက်လူကောင်းတစ်ယောက်ဟာ လူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ် ထဲမှာ ရောဂါပိုးတွေ့ရ (ပေါ့စစ်တစ်)ဖြစ်ပြီး၊ မကျမ်းမမာဖြစ်သွားရင်၊ သူဟာ ရောဂါ ကူးစက်ခံရတာလို့ ပြောတယ်။
ဆိုလိုတာက သူ့ရဲ့ ကိုယ်ခံအား မကောင်းလို့ ပေါ့။

ဒါဆိုရင် ကိုယ်ခံအား ဆိုတာဘာလဲ။ ကိုယ်ခံအား ဆိုတာ ဆေးလောကမှာ ရှင်းပြရခက်ခဲတဲ့၊ လူခန္ဓာကိုယ်ရဲ့ ရောဂါပိုးတွေကို အံ့မခန်း တုံ့ပြန်မှုကို ကြိုးစား အဖြေပေးမှု တစ်ခုပဲ ဖြစ်တယ်။ ကိုယ်ခံအား ပိုကောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုလည်း အာမခံနဲ့ အတိအကျ မပြောနိုင်ဘူး။ ဒါဆိုရင် ကိုယ်ခံအား ဆိုတာ မြင်နိုင်၊ ရှင်းပြလို့ရနိုင်၊ လူတွေ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။

ရောဂါပိုးတွေကို မကြည့်နိုင်၊ မစမ်းနိုင်တဲ့ ဟိုဘက်ခေတ်မှာ လူတွေက ပြောတယ်။ ကူးစက်ရောဂါဖြစ်ပွါးတဲ့ အချိန်မှာ၊
လူတစ်ယောက်ဟာ ပကတိ လူကောင်းတစ်ယောက်လို ကျမ်းမာနေရင်၊ ရောဂါ ကူးစက်ခံရတာလို့ ပြောကြမှာ မဟုတ်ဘူး။
လူတစ်ယောက်ဟာ ပကတိ လူကောင်းတစ်ယောက်ကနေ မကျမ်းမမာဖြစ်သွားရင်ပဲ၊ ရောဂါ ကူးစက်ခံရတာလို့ ပြောကြတယ်။
လူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ် ထဲမှာ ရောဂါပိုးတွေ့ရ (ပေါ့စစ်တစ်)ဖြစ်လား၊ မဖြစ်လား သူတို့ မသိနိုင်သလို၊ ပြောလည်းမပြောကြဘူး။

ကူးစက်ရောဂါကို ဖြစ်စေတဲ့ အလ္လာဟ်အသျှင်မြတ်ရဲ့ တရားမျှတပြီး ပြီးပြည့်စုံတဲ့ အမိန့်တော် ဆိုတာ မြင်နိုင်၊ ရှင်းပြလို့ရနိုင်၊ လူတွေ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။
ကိုယ်ခံအား ဆိုတာ မြင်နိုင်၊ ရှင်းပြလို့ရနိုင်၊ လူတွေ ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။
ဒါဆိုရင် ကိုယ်ခံအား ဆိုတာ အလ္လာဟ်အသျှင်မြတ်ရဲ့ တရားမျှတပြီး ပြီးပြည့်စုံတဲ့ အမိန့်တော်သာ ဖြစ်တယ် ပြောရင် အတိအကျပဲ။ အလ္လာဟ်အသျှင်မြတ်က ထိုလူသားရဲ့ ကိုယ်ခံအားကို မြင့်အောင် အမိန့်တော် ချမှတ်လို့သာ ကိုယ်ခံအား မြင့်ပြီး ရောဂါပိုးတွေ့ရ (ပေါ့စစ်တစ်)ဖြစ်လင့်ကစား ကျမ်းမာနေတာဖြစ်တယ်။ ဒီကတစ်ဆင့် ရောဂါပိုးမတွေ့ရ (နတ်ဂတစ်) ဖြစ်တဲ့အထိ ကျမ်းမာလာတယ်။

အစ္စလာမ်က‌ရော ဆေးပညာရှင်တွေရော နက်နဲသိမ်မွေ့တဲ့ ဖြစ်ခြင်းတစ်ခုကို ရှင်းပြတာဖြစ်တယ်။ 
ကိုယ်ခံအား နဲ့ အလ္လာဟ်အသျှင်မြတ်ရဲ့ အမိန့်တော် တစ်ခုတည်းဆိုရင်၊ ဘယ်သူ့ရဲ ရှင်းပြချက်က ပိုပြီး အတ္တကြီးကြတဲ့ လူတွေကို အကြိုးပြုသလဲ၊  ပြီးပြည့်စုံလည်း။

စဥ်းစားကြပါ စဥ်းစားကြည့်ရင် အဖြေထွက်ပါတယ်။
ပိုကောင်းအောင် ပိုပြည့်စုံအောင် ဒီပို့စ်ကို ပြုပြင်‌ရေးသား ဖြန့်ဝေပေးကြပါ။ အများ အကျိုးအတွက် အရာတစ်ခုကို ရှင်းပြဖို့ ကြိုးပမ်းမှုဟာ အချိန်နဲ့ လုပ်အား ရင်းရ၊ လုပ်အားခ မရပေမယ့်၊ အလ္လာဟ်အသျှင်မြတ်က ချီးမြင့်မှာပါ။

ဒီပို့စ်က သဘောတရားကို ရှင်းပြဖို့ ရည်စူးပါတယ်။ တစ်ချို့က မစဥ်းစားတော့ပဲ တလွဲ သဘောပေါက်ပြီး ဆောင်ရန်‌ရှောင်ရန်တွေကို ဥပက္ခာ မလုပ်စေလိုပါ။ ကွာရန်တိုင်း လုပ်ဖို့ ဆေးပညာရှင်တွေရဲ့ ဆောင်ရန်‌ရှောင်ရန် ညွှန်ကြားချက်တွေကို နိုင်သလောက် လိုက်နာရမှာ ဖြစ်ပါတယ်။ 

xxxxxxxxxxxxxxxx

အစၥလာမ္ရႉေထာင့္မွ  ကူးစက္ေရာဂါရဲ႕ ကူးစက္မႈ ဆိုတာ ဘာလဲ။
ေဆးပညာရွင္ေတြရဲ႕ ေျပာျပခ်က္နဲ႔ အစၥလာမ္ရဲ႕ အဆုံးအမဟာ လြဲေနလား။

"ကူးစက္ေရာဂါကို ျဖစ္ေစတဲ့ အလႅာဟ္အသွ်င္ျမတ္ရဲ႕ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ အမိန႔္ေတာ္ ဆိုတာ ျမင္ႏိုင္၊ ရွင္းျပလို႔ရႏိုင္၊ လူေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ အရာ မဟုတ္ဘူး။
ဒီလိုပဲ ေဆးပညာရွင္ေတြေျပာတဲ့ ကိုယ္ခံအား ဆိုတာ ျမင္ႏိုင္၊ ရွင္းျပလို႔ရႏိုင္၊ လူေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ အရာ မဟုတ္ဘူး။
ဒါဆိုရင္ ကိုယ္ခံအား ဆိုတာ အလႅာဟ္အသွ်င္ျမတ္ရဲ႕ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ အမိန႔္ေတာ္သာ ျဖစ္တယ္ ေျပာရင္ မရဘူးလား။ အလႅာဟ္အသွ်င္ျမတ္က ထိုလူသားရဲ႕ ကိုယ္ခံအားကို ျမင့္ေအာင္ အမိန႔္ေတာ္ ခ်မွတ္လို႔သာ ကိုယ္ခံအား ျမင့္ၿပီး ေရာဂါပိုးေတြ႕ရ (ေပါ့စစ္တစ္)ျဖစ္လင့္ကစား က်မ္းမာေနတာျဖစ္တယ္။ ဒီကတစ္ဆင့္ ေရာဂါပိုးမေတြ႕ရ (နတ္ဂတစ္) ျဖစ္တဲ့အထိ က်မ္းမာလာတယ္။"

အလႅာဟ္အသွ်င္ျမတ္ရဲ႕ အခ်စ္ဆုံး တမန္ေတာ္ မုဟမၼဒ္ (ဆြ)ဟာ ကူးစက္ေရာဂါျဖစ္ရင္ ကြာရန္တိုင္း လုပ္ဖို႔ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၄၀၀ ေက်ာ္ကတည္း အမိန႔္ရွိခဲ့တယ္။ အဲ့အခ်ိန္က လူေတြရဲ႕ ပညာဟာ စဥ္းစားၾကည့္ရင္ သိႏိုင္ပါတယ္။ တဆက္တည္း တမန္ေတာ္ျမတ္ႀကီးက ေရာဂါဆိုတာ ကူးစက္ခံရလို႔ ျဖစ္တာ မဟုတ္ဘူးလို႔ လဲမွာခဲ့တယ္။ ေရာဂါဆိုတာ လူသားရဲ႕ လုပ္ရပ္ေတြအေပၚ ခ်မွတ္လိုက္တဲ့ အလႅာဟ္အသွ်င္ျမတ္ရဲ႕ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ ဆုံးျဖတ္ခ်က္ အမိန႔္ေတာ္တစ္ရပ္ ျဖစ္တယ္။ ေရာဂါျဖစ္ေနတဲ့သူ အနားကို မလိုအပ္ပဲ မသြားဖို႔၊ သန႔္သန႔္ရွင္းရွင္းေနဖို႔၊ (လက္ေဆးရတာ အစၥလာမ္ရဲ႕ ဝတ္ျပဳမႈ ၅ ႀကိမ္တိုင္းနဲ႔ အစာ မစားခင္နဲ႔ စားၿပီးလုပ္ဖို႔ မိန႔္ထားတယ္ ထည့္မေျပာ လိုေတာ့ပါ။) ေရာဂါပိုး ကူးစက္မႈ ျဖစ္ေနလို႔ ေသမွာေၾကာက္လို႔ ေရာဂါခံစားေနရတဲ့ ေသြးသားရင္းခ်ာ မိဘ၊ ေဆြမ်ိဳး၊ မိတ္ေဆြေတြကို ျပစ္ၿပီး ကိုယ္လြတ္႐ုန္း မထြက္ေျပးဖို႔ မိန႔္ထားတယ္။ ေသျခင္းတရားဟာ ေရာဂါေၾကာင့္ မေသပဲ ထြက္ေျပးေနတုန္းပဲ တျခားအေၾကာင္းေၾကာင့္ (ယာဥ္တိုက္မႈ) ေသႏိုင္တာပဲ။

အလႅာဟ္အသွ်င္ျမတ္ဟာ ဒီစၾကာဝဠာႀကီးကို ဖန္ဆင္းၿပီး ဒီအတိုင္း လႊတ္ထားတာ မဟုတ္ဘူး။ ဘုရင္တစ္ေယာက္လို၊ တရားသူႀကီးတစ္ေယာက္လို၊ ပညာရွင္တစ္ေယာက္လို၊ အသိပညာနဲ႔ အညီ တရားမွ်တစြာ အုပ္ခ်ဳပ္ေနတာ ျဖစ္တယ္။ အလႅာဟ္အသွ်င္ျမတ္ရဲ႕ အမိန႔္ေတာ္ ဆိုတာ ယုံၾကည္လို႔ ရႏိုင္ၿပီး၊ ၿပီးျပည့္စုံေအာင္ နားလည္ဖို႔ေတာ့ လူတိုင္းအတြက္ေတာ့ မလြယ္ကူဘူး။
ကူးစက္ေရာဂါကို ျဖစ္ေစတဲ့ အလႅာဟ္အသွ်င္ျမတ္ရဲ႕ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ အမိန႔္ေတာ္ ဆိုတာ ျမင္ႏိုင္၊ ရွင္းျပလို႔ရႏိုင္၊ လူေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ အရာ မဟုတ္ဘူး။

ဒါဆိုရင္ ေခတ္ေပၚ ေဆးပညာရွင္ေတြ ေျပာေနတဲ့ ကူးစက္ေရာဂါရဲ႕ ကူးစက္မႈဆိုတာ ဘာလဲ။ ဘယ္လို နားလည္ရမွာလဲ။

ေရာဂါပိုးေတြကို ၾကည့္ႏိုင္၊ စမ္းႏိုင္တဲ့ ပညာေတြ ရွိတဲ့ ဒီဘက္ေခတ္မွာ ေဆးပညာရွင္ေတြက ေျပာတယ္။
လူတစ္ေယာက္ဟာ သူ႔ခႏၶာကိုယ္ ထဲမွာ ေရာဂါပိုးေတြ႕ရ (ေပါ့စစ္တစ္)ျဖစ္ၿပီး၊ ပကတိ လူေကာင္းတစ္ေယာက္လို က်မ္းမာေနရင္၊ သူရဲ႕ ကိုယ္ခံအား ေကာင္းလို႔ လို႔ေျပာတယ္။
ေနာက္လူေကာင္းတစ္ေယာက္ဟာ လူတစ္ေယာက္ဟာ သူ႔ခႏၶာကိုယ္ ထဲမွာ ေရာဂါပိုးေတြ႕ရ (ေပါ့စစ္တစ္)ျဖစ္ၿပီး၊ မက်မ္းမမာျဖစ္သြားရင္၊ သူဟာ ေရာဂါ ကူးစက္ခံရတာလို႔ ေျပာတယ္။
ဆိုလိုတာက သူ႔ရဲ႕ ကိုယ္ခံအား မေကာင္းလို႔ ေပါ့။

ဒါဆိုရင္ ကိုယ္ခံအား ဆိုတာဘာလဲ။ ကိုယ္ခံအား ဆိုတာ ေဆးေလာကမွာ ရွင္းျပရခက္ခဲတဲ့၊ လူခႏၶာကိုယ္ရဲ႕ ေရာဂါပိုးေတြကို အံ့မခန္း တုံ႔ျပန္မႈကို ႀကိဳးစား အေျဖေပးမႈ တစ္ခုပဲ ျဖစ္တယ္။ ကိုယ္ခံအား ပိုေကာင္းေအာင္ ဘယ္လို လုပ္ရမလဲ ဆိုတာကိုလည္း အာမခံနဲ႔ အတိအက် မေျပာႏိုင္ဘူး။ ဒါဆိုရင္ ကိုယ္ခံအား ဆိုတာ ျမင္ႏိုင္၊ ရွင္းျပလို႔ရႏိုင္၊ လူေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ အရာ မဟုတ္ဘူး။

ေရာဂါပိုးေတြကို မၾကည့္ႏိုင္၊ မစမ္းႏိုင္တဲ့ ဟိုဘက္ေခတ္မွာ လူေတြက ေျပာတယ္။ ကူးစက္ေရာဂါျဖစ္ပြါးတဲ့ အခ်ိန္မွာ၊
လူတစ္ေယာက္ဟာ ပကတိ လူေကာင္းတစ္ေယာက္လို က်မ္းမာေနရင္၊ ေရာဂါ ကူးစက္ခံရတာလို႔ ေျပာၾကမွာ မဟုတ္ဘူး။
လူတစ္ေယာက္ဟာ ပကတိ လူေကာင္းတစ္ေယာက္ကေန မက်မ္းမမာျဖစ္သြားရင္ပဲ၊ ေရာဂါ ကူးစက္ခံရတာလို႔ ေျပာၾကတယ္။
လူတစ္ေယာက္ဟာ သူ႔ခႏၶာကိုယ္ ထဲမွာ ေရာဂါပိုးေတြ႕ရ (ေပါ့စစ္တစ္)ျဖစ္လား၊ မျဖစ္လား သူတို႔ မသိႏိုင္သလို၊ ေျပာလည္းမေျပာၾကဘူး။

ကူးစက္ေရာဂါကို ျဖစ္ေစတဲ့ အလႅာဟ္အသွ်င္ျမတ္ရဲ႕ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ အမိန႔္ေတာ္ ဆိုတာ ျမင္ႏိုင္၊ ရွင္းျပလို႔ရႏိုင္၊ လူေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ အရာ မဟုတ္ဘူး။
ကိုယ္ခံအား ဆိုတာ ျမင္ႏိုင္၊ ရွင္းျပလို႔ရႏိုင္၊ လူေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ အရာ မဟုတ္ဘူး။
ဒါဆိုရင္ ကိုယ္ခံအား ဆိုတာ အလႅာဟ္အသွ်င္ျမတ္ရဲ႕ တရားမွ်တၿပီး ၿပီးျပည့္စုံတဲ့ အမိန႔္ေတာ္သာ ျဖစ္တယ္ ေျပာရင္ အတိအက်ပဲ။ အလႅာဟ္အသွ်င္ျမတ္က ထိုလူသားရဲ႕ ကိုယ္ခံအားကို ျမင့္ေအာင္ အမိန႔္ေတာ္ ခ်မွတ္လို႔သာ ကိုယ္ခံအား ျမင့္ၿပီး ေရာဂါပိုးေတြ႕ရ (ေပါ့စစ္တစ္)ျဖစ္လင့္ကစား က်မ္းမာေနတာျဖစ္တယ္။ ဒီကတစ္ဆင့္ ေရာဂါပိုးမေတြ႕ရ (နတ္ဂတစ္) ျဖစ္တဲ့အထိ က်မ္းမာလာတယ္။

အစၥလာမ္က‌ေရာ ေဆးပညာရွင္ေတြေရာ နက္နဲသိမ္ေမြ႕တဲ့ ျဖစ္ျခင္းတစ္ခုကို ရွင္းျပတာျဖစ္တယ္။ 
ကိုယ္ခံအား နဲ႔ အလႅာဟ္အသွ်င္ျမတ္ရဲ႕ အမိန႔္ေတာ္ တစ္ခုတည္းဆိုရင္၊ ဘယ္သူ႔ရဲ ရွင္းျပခ်က္က ပိုၿပီး အတၱႀကီးၾကတဲ့ လူေတြကို အႀကိဳးျပဳသလဲ၊  ၿပီးျပည့္စုံလည္း။

စဥ္းစားၾကပါ စဥ္းစားၾကည့္ရင္ အေျဖထြက္ပါတယ္။
ပိုေကာင္းေအာင္ ပိုျပည့္စုံေအာင္ ဒီပို႔စ္ကို ျပဳျပင္‌ေရးသား ျဖန႔္ေဝေပးၾကပါ။ အမ်ား အက်ိဳးအတြက္ အရာတစ္ခုကို ရွင္းျပဖို႔ ႀကိဳးပမ္းမႈဟာ အခ်ိန္နဲ႔ လုပ္အား ရင္းရ၊ လုပ္အားခ မရေပမယ့္၊ အလႅာဟ္အသွ်င္ျမတ္က ခ်ီးျမင့္မွာပါ။

ဒီပို႔စ္က သေဘာတရားကို ရွင္းျပဖို႔ ရည္စူးပါတယ္။ တစ္ခ်ိဳ႕က မစဥ္းစားေတာ့ပဲ တလြဲ သေဘာေပါက္ၿပီး ေဆာင္ရန္‌ေရွာင္ရန္ေတြကို ဥပကၡာ မလုပ္ေစလိုပါ။ ကြာရန္တိုင္း လုပ္ဖို႔ ေဆးပညာရွင္ေတြရဲ႕ ေဆာင္ရန္‌ေရွာင္ရန္ ၫႊန္ၾကားခ်က္ေတြကို ႏိုင္သေလာက္ လိုက္နာရမွာ ျဖစ္ပါတယ္။ 

No comments:

Post a Comment

Please Post Your Comment Here.